တခါတရံ.....
လေမှာလွင့်မျော ကောင်းကင်ယံကို
ထိုးတက်နေတဲ့ စွန်လေးတွေလို
ကြိုးမပြတ်ခင် အချိန်လေးတွင်း
မြင်နေရတဲ့ အပေါ်စီးက
အကြည့်လေးကို လိုလားတောင်းတမိပါရဲ့
တကယ်လို့များ.....
ကြိုးပြတ်ခဲ့သော် ဘယ်ဆီလွင့်မျော
ဘယ်နေရာရောက် သောင်တင်နေမည်
ကြိုမသိနိုင်တဲ့ အဖြစ်လေးကို
သနားလို့ရယ် ကြင်နာဝမ်းနည်းမိပါရဲ့
ကိုယ့်ဘ၀ရဲ့ အတိတ်ပုံရိပ်
စာမျက်နှာတွေ လှချင်မှသာလှပါလိမ့်မည်
သို့သော်လည်းပဲ....
နောင်အနာဂတ် ခုပစ္စုပန်
ကိုယ်...........
အရာအားလုံးကို အကောင်းမြင်စိတ်လေးနဲ့
ကြိုးစားနေပါမည်...
လေဟုန်ကိုဆန်သူအတွက်
Categories:
ကဗျာ





0 comments:
Post a Comment