တစ်ဖက်က ငါ့ရဲ့ အလင်းဘက်ခြမ်းကို
နင်မြင်နိုင်ပြီး
တစ်ဖက်က ငါ့ရဲ့ အမှောင်ထု တစ်ခြမ်းကို
နင် မဖတ်ရှုနိုင်ခဲ့တာ
ငါ သိပ်ညံ့လွန်းလို့ ဖြစ်မှာ...။
နင့်ကို ရောင်စဉ်မရှိတဲ့ နံနက်ခင်းမှာ
ကင်ပွန်းတပ်ခဲ့တာ
ငါ့အသည်း ထက်ခြမ်းကွဲဖို့မှ မဟုတ်တာ..။
နင့်ကို ချည်နှောင်တဲ့ ကြိုးတိုင်းကို
လိုက်ဖြတ်နေမိရင်း
ငါ့ကို နင် ချည်ထား နင့်ကြိုးများ
မသိမသာ လျော့ရဲလာ..
ငါ သတိမထားမိခဲ့တာ...
ငါ နုံချာလွန်းလို့ပါ.........။
Categories:
ကဗျာ





0 comments:
Post a Comment