ရနံသင်းထုံ ပျားတွေအုံ
နတ်ဘုံသဖွယ် တင့်တယ်ရွှင်လန်း
ခမ်းနားထည်ဝါ ပျော်ရှာတဲ့ပန်း။
တောင်ပံတစ်ဖက် ကျိုးတဲ့လိပ်ပြာ
ပန်းပွင့်သို့ဆီ ဦးတည်ရည်ရွယ်
လွယ်လင့်တကူ မရောက်နိုင်သူမို့။
လှည့်ပြန်လို့နေ ဝေဒနာထက်
သောကဆက်ပါ နာကျင်နှလုံး
အပြုံးမပျက် အံကြိတ်ခဲ့ပြီ။
သူ့ခေါ်သံကို နားမစွင့်လို
ပြိုဆဲမျက်ရည်ေ၀၀ါးအမြင်
ကြည်လင်သွားအောင် မျက်တောင်ခတ်အံ့။
Categories:
ကဗျာ





0 comments:
Post a Comment