သူငယ်ချင်းများ ဘလော့ကိုလာလည်သွားတဲ့အမှတ်တရအနေနဲ့ စကားလေးဖြစ်ဖြစ် Comment မှာလည်းစကားလေးပြောပြီးအားပေးသွားပါနော်....သူငယ်ချင်းအာလုံးကိုနွေထွေးစွာကြိုဆိုလျှက်..

စီးချင်းတိုက်ပွဲ

အချစ်နဲ့ဘဝ
တစ်ထပ်တည်းမကျလို့
စီးချင်းထိုးဖို့ပြင်ဆင်ကြလျက်
ဆန္ဒနဲ့အသိတရား
နှလုံးသားနဲ့ဦးနှောက်
ဘယ်သူထိုးဖောက်နိုင်စွမ်းမလဲ
ခိုင်မြဲနေတဲ့ဘ၀ခရီး
ကာဆီးထားတဲ့အချစ်တံတိုင်း
ထင်ရာလဲမဆိုင်းချင်
ရာဇ၀င်လဲမရှိုင်းစေဖို့ရာ
ဘယ်လိုလာမဲ့အနာဂတ်
ဘယ်ကာလမထိတိုင်
တပ်စွဲရင်ဆိုင်နေရဦးမလဲ။

Categories:

0 comments:

Post a Comment

 

Featured Posts

I Love My Blog